ညောင်တုန်း ဇွန် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအခြေခံနှင့် မွန်းမံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းဖြစ်သည့်အတွက် စနစ်တကျလေ့လာသင်ယူပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းအဖြစ် အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းက အသေးစားထုတ်ကုန် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံနှင့် မွန်းမံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စက္ကော့တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၂)ဦးဖြင့် သင်တန်းသား(၁၀)ဦးအား ဇွန်လ ၂ရက်နေ့မှ ၈ရက်နေ့ထိ (အခြေခံ)နှင့် ဇွန်လ ၁၆ ရက်နေ့မှ ၂၂ရက်နေ့ထိ(မွမ်းမံ) သင်တန်းတို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ထူးချွန်သင်တန်းသား(၅)ဦးအား ရွေးချယ်၍ ကျပ် (၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)