ကြံခင်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံတောကျေးရွာအုပ်စု၊ အောက်ပန်းတော်ကျေးရွာ၊ အောက်ပန်းတော်ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီခွဲက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူ ၅၄ ဦး တက်ရောက်ကြသည်။
အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးမျိုးမင်းဇော်က သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏အရေးပါမှု အကြောင်းအရင်းများနှင့် ပျက်စီးပြုန်းတီးရခြင်း အကြောင်းအရင်းများ၊ တရားမဝင်သစ်ခိုးယူခုတ်လှဲမှု လျော့နည်းပပျောက်ရေး၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအားလည်းကောင်း တောအုပ်ကြီး ဦးဝေယျာထွန်းက သစ်ပင်စိုက် ပျိုးပြုစုထိန်းသိမ်းခြင်း နည်းစနစ်များ၊ မီးခိုးမြူငွေ့လျှော့ချရေး၊ တောမီးရှို့ခြင်းမှ ကာကွယ်ရေးများ၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ဒေသခံပြည်သူများအား မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကာ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)