ရွှေဘိုမြို့၌အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး‌ရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေဘို၊ ဇွန်လ ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအမည်ဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရွှေ ဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။

ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသောင်းတင်ထွေးမှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးကဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းဆောင်ရွက် နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက် များနှင့် အကျိုးကျေး ဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန်လုပ်ငန်း သုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌမှသင်တန်းတွင် အသုံးပြုမည့်သင်ထောက်ကူပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၂)ဦးအား စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံ၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ အမျိုးသမီး ဝတ်အင်္ကျီအမျိုးမျိုးချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ စကပ်ချုပ်နည်း စသည်တို့ကို (၂.၆.၂၀၂၆)ရက်နေ့မှ (၁.၇.၂၀၂၆) ရက်နေ့အထိ အခြေခံနှင့် (၈.၇.၂၀၂၆) ရက်နေ့မှ (၂၂.၇.၂၀၂၆) ရက်နေ့အထိ (မွမ်းမံ) သင်တန်းကိုစာတွေ့ ၃၀% နှင့် လက်တွေ့ ၇၀% သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅) ဦးအား သတ်မှတ်ချက် များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများသုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)