ပုသိမ် ဇွန် ၂
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)များကို ယမန်နေ့ နံနက်ပိုင်းမှစတင် ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။
ပုသိမ်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၉၆) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (ဘက)(၆)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၈)ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်း (၃၁၀)ကျောင်းရှိပြီး ယနေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/သူ (၆၀၅၁၀)ဦး အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။
ကျောင်းများစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ စုပေါင်း၍ ကျောင်းဝန်းအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)