ကန်ကြီးထောင့် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ(၁)ရက်နေ့က စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်ဝမ်းမြောက် စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်ကန်ကြီးထောင့်မြို့နယ်ရှိ အထက (၁၃)ကျောင်း၊ အထက(ခွဲ) (၁၆) ကျောင်း၊ အလက (၁၇)ကျောင်း၊ အလက(ခွဲ) (၁၁)ကျောင်း၊ မူလွန် (၁၆)ကျောင်း၊ အမက (၁၁၉)ကျောင်း၊ အမက(ခွဲ) (၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၄)ကျောင်း၊ ကိုယ်ပိုင် ကျောင်း(၁) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၉၉) ကျောင်းတို့တွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၀၄၇၂)ဦး အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်ရာ ကျွန်းချောင်းအနောက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမှုအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးအောင်၊ အခွန်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးတို့က သွားရောက်ကြည့်ရှု ခဲ့ကြပြီးလိုအပ်သည်များကိုမှာကြားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)