ဖျာပုံ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့်မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ မီးဘေးလုံခြုံရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရန်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်မှုတွင် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်း(၂/၂၀၂၆)သင်တန်းဖွင့်ပွဲကို ဇွန်လ (၁)ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းမှူး ဦးဇေယျာမင်းခန့်က တန်းအပ်သတင်းပို့ခြင်းပြုလုပ်ပြီး ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းများကိုလိုက်နာပြီး သင်တန်းက ပို့ချပေးတဲ့သင်ခန်း စာများကို ကြိုစားလေ့လာသင်ယူကြစေလိုကြောင်း၊ စွမ်းရည်ပြည့်ဝတဲ့ သီးသန့်မီးသတ်တပ်ဖွဲ့ ဝင်များဖြစ်အောင် ကြိုးစားကြပါ၊ မိမိတို့၏စွမ်းရည် စွမ်းအားများဖြင့် စျေးမီးဘေးလုံခြုံရေး အပါအဝင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရယ်မှ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ကြပါ၊ နိုင်ငံတော်၊ ပြည်သူနှင့်မိမိဌာနလုပ်ငန်းများမှ အားကိုးရသော ဂုဏ်ယူရသောတပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဦးကသင် တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက လက်ခံရယူပြီး အဆိုပါသင်တန်းသို့ ဖျာပုံမြို့စည်ပင်သာ ယာရေးအဖွဲ့ပိုင်စျေးများမှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ(၁)ရက်နေ့မှ ဇွန်လ (၅)ရက်နေ့အထိ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များမှ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်းဖျာပုံ မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)