ကန်ကြီးထောင့် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှူး၊ ပညာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခွန်ဦးစီးဌာနတို့ပူးပေါင်း၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းချောင်းကျေးရွာတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကန်ကြီးထောင့်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်လွင်က မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်က ကျောင်းဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသို့အချိန်မီ ရောက်ရှိစေရေးနှင့် ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာစိုးအောင်က မွေးမြူရေးနှင့်ပတ်သက်၍ လည်းကောင်း၊ အခွန်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လင်းက အခွန်အသိပညာပေးခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက မူးယစ်ဆေးဝါး၊ ကလေးအလုပ်သမားပပျောက်ရေး၊ (Online)အွန်လိုင်းလိမ်လည်ခြင်း၊ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့မရဲစခန်းမှူး ဒုရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ အသိ ပညာပေးလက်ကမ်းစာစောင်များအား တက်ရောက်လာသော ပြည်သူများထံသို့ လက်ဝယ် အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)