ကျောင်းကုန်းမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ ဝင်များအကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ကျောင်းကုန်း  ဇွန်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက  အနှစ် သာရပြည့်ဝသော မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာအောင်ကြိုးစားကြဖို့လိုကြောင်းပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းကိစ္စများ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ကျောင်းကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်(၅)ဆိုင်မှ (၅)ဦးစီနှင့် မြို့မ‌ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ စုစုပေါင်းသင် တန်းသား(၃၇)ဦး တက်ရောက်ခဲ့ ကြပြီး၊ သင်တန်းကာ လမှာ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)