ဓနုဖြူ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဥ်(၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သင်တန်းကာလအတွင်းမှာ သင်တန်းသားများအနေနဲ့ သင်တန်းကချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်တွေကို တလေးတစား လိုက်နာကြရန်လိုကြောင်း၊ လေ့ကျင့် ချိန်များတွင် မတော်တဆထိခိုက်မှုများ မဖြစ်ပွားစေရန် ဂရုစိုက်ကြပ်မတ်ကြ ရန်လိုကြောင်း၊ သင်တန်းသားများ အနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သင်တန်းအစမှအဆုံး ထိပြီးဆုံးသည့်တိုင် ကြိုးစားတက်ရောက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးနောင်နောင်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၅ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦးတက် ရောက်သွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)