ဟင်္သာတမြို့နယ်၌ သွေးလွန်တုပ်ကွေးကာကွယ်ရေး၊ နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟင်္သာတ     မေ    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါများ ကင်းဝေးစေရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ နေခြည်ထက် ထက်လင်း‌အောင် ဦးဆောင်သော ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန် ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ပူးပေါင်း၍ မေ ၃၀ ရက် နံနက် ၇ နာရီ ခွဲအချိန်က ဟင်္သာတမြို့နယ်ရှိ ရပ်ကွက်များသို့ ကွင်းဆင်း၍ သွေးလွန်တုတ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နှင်းရေး လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိလူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ အဖွဲ့ (၃၁)ဖွဲ့ ခွဲ၍ ဖုံး၊ သွန်၊ လဲ ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ လောက်လန်သေဆေး အဘိတ်ခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးမှိုင်းမှုတ်ခြင်း လုပ်ငန်းများနှင့် လူစည်ကားရာနေရာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါ ဆောင်ရွက်မှုကို ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္က ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်သက်သက်ဦး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် တာဝန်ရှိသူများတို့က လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)