ရွှေဘိုမြို့ရှိ မြစည်းခုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကျင်းပ

ရွှေဘို၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြစည်းခုံစေတီတော်မြတ်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေ၊ ကုသိုလ်ရှင်အများပြည်သူအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဘက်စုံပြန်လည်ပြုပြင် မွမ်းမံပြီး ဖြစ်ပါ၍ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အထွဋ်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းအခမ်အနားကို မေလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျောင်းကာ ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာတက်ရောက်လာသူများက နမောတဿသုံးကြီမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ ဘဒ္ဒန္တဝိဿုတထံမှ ကိုးပါးသီလံခံယူဆောက်တည်ပြီး အကြီးအကဲများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၅)စစ် နယ်မြေမှူးတို့က ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့သည်။ ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌပါဠိကာရီတု လွတ်ကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရားဟောကြားခဲ့ပြီး လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။ ယင်းနောက် အကြီးအကဲများမှ ရတနာစိန်ဖူးတော် နှင့်ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လင်္ကျာရစ်သုံးကြိမ် လှည့်လှည်ပူဇော်ခဲ့ပြီး မင်္ဂလာအချိန်တွင် ရတနစိန်ဖူးတော်နှင့်ငှက် မြတ်နားတော်တို့အား တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၅) စစ်နယ်မြေမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)