ငွေဆောင် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုချောမွေ့ စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမှတ်( ၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်( ၁)ရပ်ကွက်ရှိ အ.မ.က(ဇီးမော်)စာ သင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွေးချယ်ရေး အဖွဲ့ဝင်များ၊ အိမ်ထောင်စုကိုယ်စားလှယ် ပြည်သူလူထုများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကြီးကြပ်ရေးအဖွဲ့က အုပ်ချုပ်ရေးမှူးလောင်းများ၏ အမည်၊နေရပ်လိပ်စာနှင့် အလုပ် အကိုင် တို့ကို အများပြည်သူ သိရှိအောင်ကြေညာခဲ့ပြီး မဲပေးခြင်းလုပ်ငန်းစဥ်ကို ရှင်းလင်းပြော ကြားခဲ့ကြသည်။ ထို့နောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လုပ်ထုံးလုပ်နည်း များနှင့် အညီ ကျင်းပခဲ့ပြီး အုပ်ချုပ်ရေးမှူးလောင်းများအား မဲပေးရွေးချယ်ရာတွင် မဲပေးခွင့်ရှိသူ များက လွတ်လပ်ပွင့်လင်းစွာ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မဲရေတွက်ခြင်းလုပ်ငန်းများကို ရွေးချယ်ရေးကော်မတီဝင်များက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပြီး မဲအများဆုံးရရှိသူအား အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် အတည် ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဆောင် ( ပြန် / ဆက်)