စစ်ကိုင်းမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင် ရွက်ပေး

မြင်းမူ  မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် ၁၀၀ (လမင်း)စီမံချက်ဖြင့် စစ်ကိုးမြို့ပေါ်ရှိ ရပ်ကွက်များမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် စစ်ကိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးလေးမောင်နှင့် ဝန်ထမ်းများက ရက် ၁၀၀ (လမင်း) စီမံချက်ဖြင့် ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ် (၉၁၀)ကဒ် အိမ်ထောင်စုလူဦးရေ စာရင်း (၇၀)ခုတို့ကို အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အဆိုပါ ရက် ၁၀၀ (လမင်း)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ နေ့ချင်းပြီး ဆောင်ရွက် ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး ပြည်သူများလက်ဝယ်အရောက် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများပေးအပ်ခဲ့ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)