ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်နှင့် အဖွဲ့ဝင်များ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး

လေးမျက်နှာ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်​ လေးမျက်နှာမြို့နယ်တွင် ကျောင်းများစတင်ဖွင့်လှစ်မှုအခြေအနေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်နှင့် အဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်နှင့် အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများနှင့်တွေ့ဆုံံ၍ အေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာဆရာမများနှင့်​ တွေ့ဆုံ၍ လိုအပ်သည်များကိုမှာကြားခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်း စာရင်းရှိ အခြေခံပညာကျောင်း (၁၇၇)ကျောင်းရှိပြီး (၁၁၂)ကျောင်းဖွင့်လှစ်၍ ယနေ့ထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/ကျောင်းသူ (၁၁၆၆၁)ဦး အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)