မင်းဘူးမြို့၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ မီးဘေးလုံခြုံရေး စစ်းဆေး

မင်းဘူး ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့ပေါ်ရပ်ကွက်ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်ခိုးခန်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း ဦးဆောင်ပြီး သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များက ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့ပေါ်ရပ်ကွက်ရှိ ဟိုတယ်၊ မိုတယ်နှင့်တည်ခိုးခန်းများ၌ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ဆောင်ရွက်ရန် လိုအပ်သော မီးငြှိမ်းသတ်ရေးပစ္စည်ကိရိယာများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် ထပ်မံဖြည့်ဆည်းထားရှိရေးကို အကြံပြုမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)