ကျောင်းကုန်းမြို့၌ ‌အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်

ကျောင်းကုန်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိအခြေခံပညာ ကျောင်းများအားလုံး ယမန်နေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်တို့က ပညာသင်ကြားရန်လာရောက်ကြသော ကျောင်းသား/သူများ အဆင်ပြေချောမွေ့စေရေးနှင့် စာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၁၂)ကျောင်း၊ အ.ထ.က(ခွဲ)(၁၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄)ကျောင်း၊ အ.လ.က (ခွဲ)(၁၁)ကျောင်း၊ မူလတန်းလွန်‌ကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်း (၁၂၃) ကျောင်း၊ မ(ခွဲ)(၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း(၃)ကျောင်း၊ ဘ.က(၂)ကျောင်း၊ စုစုပေါင်း (၁၉၆)ကျောင်းစလုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)