ဟိုင်းကြီးကျွန်းမြို့၌ မိုးစပါးရေတော်မိုးတော်ဧရိယာတွင် သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲကျင်းပ

ဟိုင်းကြီးကျွန်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စပါးရေတော်မိုးတော်ဧရိယာ၌ သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ခြင်းကို မေ ၂၉ ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ငါးပြေမကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသော တောင်သူများအား ရေတော်၊ မိုးတော် ဧကများတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ချ ကြဲပက်မြေမြှုပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧက(၁၀)တင်း ပိုထွက်ရှိရေး၊ တစ်သီးမှ သုံးသီးစိုက်ပျိုးရေး၊ လမ်းဘေးဝဲယာ ရိုးပြတ်ကျန်မှုမရှိရေး၊ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စိုက်ပျိုးရေးအသိပညာပေးဆွေးနွေး ဟောပြောရှင်းလင်းပြီး တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)မျိုးစေ့များပေးအပ်၍ တောင်သူဦးသောင်းနု၏ ကွင်းအမှတ်(၁၉၀၆)၊ ဦးပိုင်အမှတ် (၃၀/၂)၊ဧရိယာ (၂.၇၈)ဧကရှိ လယ်မြေပေါ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)မျိုးစေ့များ ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်းပြန်/ဆက်)