ကော့သောင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကော့သောင်း ဇွန် ၁

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ မူ/ လယ်/ အထက်တန်းအဆင့် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ တပြိုင်နက်တည်းဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကော့သောင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး KG မှ Grade-12 ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူလျက်ရှိကြကာ အထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၅)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၈)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ မူလတန်းကျောင်း(၂၉) ကျောင်း၊ မူလတန်းကျောင်းခွဲ (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅)ကျောင်း ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)