ငါးသိုင်းချောင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ထက် / လယ် / မူ ကျောင်းများအား ယနေ့စတင်ဖွင့်လှစ်ရာ ကျောင်းသား / သူများ ပျော်ရွှင်စွာတက်ရောက်လျက်ရှိသည်။
ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား / သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား/သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်း၏ လုံခြုံရေးနှင့် ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများပူးပေါင်း ဆောင်ရွက်ပေးလျှက်ပြီး ငါးသိုင်းချောင်းမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမအပ်နှံရသေးသူများ ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)