ကျောင်းကုန်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဗောဓိ ရတနာရိပ်သာ ပရဟိတကျောင်းသို့ ဆိုလာနှင့်အင်ဗာတာလှူဒါန်းမှု ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားရှိခိုး ကန်တော့ခဲ့ကြပြီး၊ တာဦးကဉ္စနာရာမ နာယကဆရာတော် ဘဒ္ဒန္တဥူးဝေသာရဇ္ဇထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ နေ့ဆွမ်းနှင့် ဒါတပ္ပဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အနုမောဒနာတရား နာကြားခဲ့ကြသည်။
ယနေ့ ဆိုလာနှင့်အင်ဗာတာအလှူရှင်များမှာ ကျောင်းကုန်းမြို့ "အင်ကြင်းနီ"၊ "ဇူးဇန်" စက်သုံးဆီအရောင်းဆိုင် မိသားစုမှ သိန်း (၉၀)၊ ရန်ကုန်မြို့နေ ဦးဆန်းလင်းဦး+ဒေါ်မေဇင်ဦး MBK Petrol Co,ltd မိသားစုမှ သိန်း (၅၀) နှင့် အိမ်မဲမြို့နေ ဦးစိုးနိုင်+ဒေါ်စိုးမိုးထွေး "ရွှေကြယ်" လက်ဖက်ခြောက် မိသားစုတို့မှ သိန်း (၅၀) ၊ စုစုပေါင်း သိန်း (၁၉၀) လှူဒါန်းမှုအစုစုအား ရေစက်ချလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)