ကျွန်းလှမြိုနယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျွန်းလှ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဇွန် ၁ ရက်နေ့က စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၂၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်း စုစုပေါင်း (၂၄) ကျောင်းဖွင့်လှစ်ပြီး မေလ ၂၅ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၄၁၄၄) ဦး ကျောင်းအပ်လက်ခံပြီးဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ