လပွတ္တာမြို့နယ်တွင် ဓာတ်မြေဩဇာ လျော့ချသုံးစွဲရေး တောင်သူပညာပေး‌ဆွေးနွေးပွဲ ကျင်းပ

လပွတ္တာ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဓာတ်မြေဩဇာလျော့ချသုံးစွဲရေး တောင်သူပညာပေး‌ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းစိုးက ပညာပေးနွေးဆွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပညာရှင်များမှ တောင်သူများနှင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈) ခုမှတောင်သူ (၈၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)