ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

ဓနုဖြူ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ အ.ထ.က (၁၂) ကျောင်း၊ အ.ထ.က (ခွဲ) (၁၁) ကျောင်း၊ အ.လ.က (၁၄) ကျောင်း၊ အ.လ.က (ခွဲ) (၁) ကျောင်း၊ အ.မ.က (၁၅၉) ကျောင်း၊ အ.မ.က (ခွဲ) (၂) ကျောင်း၊ မူလွန် (၈) ကျောင်း၊ ဘက (၂) ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၁၀) တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူ (၃၀၇၁၀) ဦး၊ အပ်နှံရာနှုန်း (၉၀.၉၁) ရာနှုန်း အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)