အရာတော် ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်လိုက် ပျော်ရွှင်စွာသင်ကြားလျက်ရှိသည်။
အရာတော်မြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မေလ ၂၅ ရက်နေ့မှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ (၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(၁) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၅) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းတို့တွင်ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆၃၈) ဦးရှိပြီး အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားသူ (၂၅၃၃) ဦးရှိကြောင်း ကျန်ရှိနေသောကျောင်းသား၊ ကျောင်းသူများကို ဇွန်လ (၃၀) ရက်နေ့ထိ ဆက်လက်ကျောင်းလက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)