မြောင်းမြ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၆)ကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြောင်းမြခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးက သင်တန်းဖွင့်မိန့်ခွန်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုသင်တန်းတွင် နည်းပြ(၃)ဦးတို့က ဌာနဆိုင်ရာ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းများမှ သင်တန်းသား (၄၈) ဦးတို့အား ဇွန်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)