ပန်းတောင်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဇရပ်လှတိုက်နယ်ဆေးရုံတွင် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ညွှန်ကြားရေးမှူး (ဒုတိယဆေးရုံအုပ်ကြီး-တာဝန်ခံ) ဒေါက်တာကေသီဝင်းမောင် ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အခမဲ့ကွင်းဆင်းကုသဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေသူဇော်၊ ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ညွှန်ကြားရေးမှူး (ဒုတိယဆေးရုံအုပ်ကြီး-တာဝန်ခံ) ဒေါက်တာကေသီဝင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်ဇင်ဝေမင်း၊ ပန်းတောင်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဝင်း၊ ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ပန်းတောင်းမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးတို့မှ လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းနှင့် အထွေထွေလူနာ (၁၃၄) ဦး၊ ခွဲစိတ်လူနာ (၁၅) ဦး၊ သားဖွားမီးယပ်ရောဂါလူနာ (၉) ဦး၊ ကလေးလူနာ (၁၅) ဦး၊ မျက်စိရောဂါလူနာ (၈၁) ဦး၊ သွားရောဂါလူနာ (၃၁) ဦး၊ အရိုးအကြောလူနာ (၉၄) ဦး၊ တီဗီဓာတ်မှန်ရိုက်လူနာ (၂၇) ဦး စုစုပေါင်းလူနာ (၄၀၆) ဦးကို အခမဲ့စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)