ဝါးခယ်မ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား တာဝန်ရှိသူများက ယမန်နေ့က ကျုံမငေး၊ ပိတ္တာလေးစသည့် ရပ်ကွက်၊ ကျေးရွာများ အရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် တာဝန်ရှိသူများက နယ်မြေအလိုက်ခွဲကာ ရပ်ကွက်၊ ကျေးရွာများအရောက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်၊ ကျေးရွာအုပ်စု ကြီးကြပ်ရေး အဖွဲ့ဝင်များမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ရွေးချယ်ဆောင်ရွက် နိုင်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ဥပဒေ၊ နည်းဥပဒေ အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)