ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ၂၀၂၆ခုနှစ်၊ မိုးရာသီ( အကြို)သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒိုက်ဦး   မေ    ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်‌လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲတော်အား ၃၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ အ.ထ.က(ဗျက်ကြီး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဒိုက်ဦးမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်ဆန်းဦးနှင့်အဖွဲ့၀င်များ၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူများ၊ ဒိုက်ဦးမြို့နယ်သစ်တောဝန်ထမ်းများ စုစုပေါင်း(၁၁၅)ဦးတို့မှ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ စရှိသည့် အရိပ်ရ၊ ပန်းအလှပျိုးပင် (၄၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

စိုးထက်ကျော် (ပြန်/ဆက်)