ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပေါက်ခေါင်း    မေ   ၃၀

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့  အခမ်အနားကို ယမန်နေ့က အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ကျင်းပပြု လုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”  မြေစိုက်ပိုစတာဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များကဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံသာရည်ဖြင့်ပက်ဖျန်းပေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ အ.ထ.က(ပေါက်ခေါင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်က အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ အခမဲ့ပေးဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများက အသီးသီးပေးအပ်ခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ဖျော်ဖြေရေးအစီအစဥ်များဖြင့် အသီးသီးဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)