ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူး

ဖြူး ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် သစ်ချ ဆိပ်ကျေးရွာ၌ ဆောင်ရွက်နေသည့် ၄ လက်မ စက်ရေတွင်း (တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သစ်ချဆိပ်ကျေးရွာ၌ ၄ လက်မ စက်ရေတွင်း(တွင်းနက်) တူးဖော်ပြီးလျှင် ကျေးရွာအတွင်းရှိ လူဦးရေ(၆၅၀)ဦးကို သောက်သုံး ရေ ဖူလုံစွာရရှိမှာဖြစ်ပြီး နွေရာသီ ရေပေါများစွာ အသုံးပြုခွင့် ရရှိမှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

ဖြူး(ပြန်/ဆက်)