ထားဝယ်မြို့၊ ဆန်းချီစျေးတွင် ခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များအား ကြည်ရှုစစ်ဆေး

ထားဝယ်       ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန်နှင့် အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဆန်းချီစျေးတွင် ပြည်သူ လူထုနေ့စဉ်စားသောက်၊ အသုံးပြုနေသော အခြေခံ စားကုန်များနှင့် အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်း စေရေးခွင့်မပြု၊ သက်တမ်းလွန် အစားအသောက်၊ အလှကုန်များကို စျေးကွက်ထောက်လှမ်း ကြည်ရှု့စစ်ဆေး ​ခဲ့ကြောင်းသိရသည်

ထိုနောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများအစား အသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော စားသုံး/သုံးစွဲမသင့်အစားအသောက်နှင့် အလှကုန် ပစ္စည်းများစာရင်းနှင့် အသိပညာ ပေး လက်ကမ်း စာစောင်များအား စျေးရောင်းချသူများ ထံဖြန့်ဝေပေးခဲ့သည်။  

ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန်ဆိုင် ၂၀ ဆိုင်နှင့် အလှကုန်ဆိုင် (၂) ဆိုင် တားမြစ်အစားအသောက် ကြက်ဖ (၅)ဘူးအား သိမ်းဆည်းပြီး ခံဝန်ကတိရေးထိုးစေခဲ့ပြီး စျေးဆိုင် (၁၂)ဆိုင်မှ နမူနာပေါင်း (၁၄)မျိုးဝယ်ယူ  (၁၂)မျိုး(မုန့်ဖတ်ပဲပြားပဲပင်ပေါက်ကြက်သွေးရှပ်ချဉ်မုန်လာချဉ်ပုဇွန်ချဉ်ပအုန်းရည်မရမ်းပြားမုန်ညင်းချဉ်) အား ရွေ့လျားဓာတ်ခွဲယာဉ်တွင်ပါရှိသော RTK များဖြင့်စစ်ဆေးရာ တားမြစ်ဓာတုပစ္စည်းများ ပါဝင်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိရ၍ကျန်(၂) မျိုး (နနွင်းမှုန့်ပုဇွန်ခြောက်)အား တိုင်းဒေသကြီး FDA ရုံးတွင် color test စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်

စျေးဆိုင်များတွင် စားသုံးမသင့်တားမြစ် ကြက်ဖ အမှတ်တံဆိပ် chilli sauce (၅) ဗူးအား စစ်ဆေးတွေ့ရှိ သဖြင့် နောက်နောင်ရောင်းချခြင်းမပြုရန်ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး သိမ်းဆည်းပစ္စည်းကို စုပေါင်း ၍ ဖျက်ဆီးနိုင်ရန် စီစဉ်ထားရှိထားကြောင်းသတင်းရရှိသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)