ကော့သောင်း မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ၈မိုင်ကျေးရွာ ရွာတွင်းလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ ဒသမ ၆ သန်း ဖြင့် ၈ မိုင်ကျေးရွာ ရွာတွင်းလမ်း အပိုင်းပေါ်ရှိ လမ်းမိုင်(၀/၅- ၀/၅.၅)ကြား(၁)စင်း၊ (၀/၆-၀/၆.၅) ကြား (၁) စင်း စုစုပေါင်း (၂) စင်း ပျက်စီးနေသော ရေထုတ်ပြွန်အား (၅' x၅' x ၂၄') (1.52mx 1.52m x 7.31m) ကျောက်ကြီးစီကမ်းကပ် ခုံသံကူ ကွန်ကရစ်ကြမ်းခင်း Box Culvert (၂)စင်းအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် ၈မိုင်ကျေးရွာ ရွာတွင်းလမ်းပေါ်ရှိ Box Culvert လုပ်ငန်းကို မေလမှ စတင်ဆောင်ရွက်ခဲ့ပြီး ကော့သောင်းမြို့နယ်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာမှ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)