ပဲခူး မေ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက်ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs စီးပွားရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်မြို့နယ်အလိုက် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိပြီဖြစ်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများနှင့် ကူးစက်ရောဂါနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်များအပေါ် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအားစီမံချက်များအတိုင်း အလေးထားဆောင်ရွက်ရန်နှင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ပြည့်ဝစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင် ပြခဲ့ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သုံးသပ်အကြံပြုတင် ပြခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကတင်ပြချက်နှင့် ပတ်သက်၍ လိုအပ်သည်များ အသေးစိတ် ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစည်းအဝေးသို့ တက်ရောက် လာသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင် မှိုစိုက်ပျိုးမှု တိုးတက်စေရေးအတွက် ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စုရှိ မှိုစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)