အုတ်ဖို မတ် ၃၀
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့တော်ခန်းမတွင် မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ရှေ့ဦးပြုစုခြင်း (သာမန်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ သင်တန်းသားသင်တန်သူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အုတ်ဖိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူးဟောင်း ဦးတင်ကိုကိုထွဋ်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တပ်ဖွဲ့မှူး ဦးမျိုးမင်းထက်မှ သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို မေလ (၂၉) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ (၅)ရက်ကြာဖွင့် လှစ်သွားမှာဖြစ်ကြောင်းသိရသည်။
အောင်သူ (အုတ်ဖို)