တမူးမြို့တွင်  သဘာဝမြေဩဇာ ပြုလုပ်နည်းသရုပ်ပြပွဲပြုလုပ်

တမူး  မေ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သဘာဝမြေဩဇာ ပြုလုပ်နည်းသရုပ်ပြပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဟဲဇင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်အောင်၏လယ်တဲ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ‌ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မြို့နယ်အတွင်း ဆန်စပါးအထွက်နှုန်းရရှိအောင် စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့အား တက်ရောက်လာကြသည့် စိုက်/ညှိအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်းက ဓါတ်မြေဩဇာအသုံးပြုမှု လျော့ချနိုင်ရေးနှင့်စိုက်ပျိုးသီးနှံများ ဓာတုဓာတ်ကြွင်းပါဝင်မှုလျော့ချနိုင်ရေး၊ သဘာဝမြေဩဇာအသုံးပြုခြင်းအားဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်ပေါ် စေရေးနှင့်မြေ၏ ရုပ်ဂုဏ်သတ္တိ ဓါတ်ဂုဏ်သတ္တိများ တိုးတက်မြင့်မားလာစေရန်၊ ဓာတ်မြေဩ ဇာအစား သဘာဝမြေဩဇာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်၊ တောင်သူများ သွင်းအားစုလျော့ ချနိုင်ရန်၊လယ်ယာထွက်ကုန် စွန့်ပစ်ပစ္စည်းများကို တောင်သူများ စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ သဘာဝမြေဩဇာ ပြုလုပ်နည်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့ပြီး မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများက မိမိတို့ဌာနများ၏ အကောင်အထည် ဖေါ်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသည့်တောင်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများမှ မြေဆွေးသဘာဝမြေဩဇာ ပြုလုပ်ပုံ အဆင့်ဆင့်တိုင်း လက်တွေ့သရုပ်ပြသခဲ့ကြရာ တက်ရောက်လာကြသည့် တောင်သူများက စိတ်ဝင်တ စားလေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ညှိ အဖွဲ့များ၊ ဟဲဇင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နှင့်ဒေသခံတောင်သူများ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ရတနာ