ထီးချိုင့် မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်၂၀၂၆ -၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၂၇)ယနေ့နံနက (၁၀)နာရီ အချိန်က မောင်းကုန်းကျေးရွာရှိ အထက(မောင်းကုန်း)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးဇော်လင်းက ထီးချိုင့်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် "နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ထီးချိုင့်မြို့နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကေသီဇင်မှလည်း ကျောင်းအပ်နှံ ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှနိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းသားကျောင်းသူများအား ထောက်ပံ့ပေး အပ်ခြင်းများပြု လုပ်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်း၊ သံခြေတောင် စည်တော်ဝင်ဆရာတော်ဘဒ္ဒန္တဝိမလ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)