အရာတော်မြို့တွင် ရိုးရာအစဉ်အလာမပျက် ဖက်ခွက်များဖြင့် ဆွမ်းဟင်းခွက်ပြုလုပ်

အရာတော် မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် မေလ ၂၉ ရက်နေ့ကရိုးရာအစဉ်အလာမပျက် ဖက်ခွက်ဆွမ်းလောင်းလှူရန်အတွက် ရပ်ကွက်ရှိဂေါပကအဖွဲ့များနှင့် စေတနာရှင်များက ချမ်းသာကြီးစေတီတော်အတွင်း ဗန်ဒါရွက်များခူးပြီး ဖက်ခွက်များပြုလုပ်လျက်ရှိသည်။

ဖက်ခွက်ဆွမ်းဟင်းလောင်းလှူပွဲကို နှစ်စဉ်နယုန်လပြည့်နေ့နံနက်ပိုင်းတွင် တစ်မြို့လုံးရှိအလှူရှင်များက ရိုးရာအစဉ်အလာမပျက် ဖက်ခွက်များပြုလုပ်၍ ဆွမ်းဟင်းလောင်းလှူရန်အတွက် လပြည့်နေ့မတိုင်ခင်တွင် ဖက်ခွက်များစုပေါင်းပြုလုပ်၍ ဆွမ်းဟင်းလောင်းလှူမည့် ရပ်ကွက်များနှင့်အလှူရှင်များထံ သွားရောက်ပို့ဆောင်ပေးကြသည်။ အလှူရှင်များမှ နယုန် လပြည့်နေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော် အပါး (၂၀၀) ကျော်တို့ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူသွားမည် ဖြစ်ကြောင်း သိရသည်။

ဆွမ်းဟင်းလောင်းလှူရန်အတွက် ဖက်ခွက် စုစုပေါင်း (၅၀၀၀) ကျော်ပြုလုပ်ရကြောင်း မြို့နယ်ဂေါပကအဖွဲ့ဝင် ဦးဖြူမင်းထံကသိရသည်။

မြို့နယ်ပြန်/ဆက်