ထီးချိုင့် မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးဝဲယာရှိခြုံနွယ် ပိတ်ပေါင်းများရှင်းလင်းရေးကို ယမန်နေ့မွန်းလွဲ(၁၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရှင်းလင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းသည် ရဲမှူးမြင့်သိန်းနှင့်အတူ မြို့နယ်စီမံခန်းခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ညှိုနှိုင်းမှုအရသံခြေတောင်စည်တော်ဝင်ဆရာတော်နှင့် မောင်းကုန်းနီကယ်စက်ရုံ၏ စက်ယန္တရား အကူအညီဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးဝဲယာရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)