အုတ်တွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် (VDP) ရေးဆွဲနည်း (ဆင့်ပွားသင်တန်း) အခမ်းအနား ဖွင့်လှစ်

အုတ်တွင်း ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း (ဆင့်ပွား သင်တန်း) အခမ်းအနား ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး ခန်းမ ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား သင်ထောက် ကူပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်စက်မှု လယ်ယာဦးစီး ဌာနမှူးတို့က အသီးသီး ပေးအပ်ခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်စုနွယ်ဝင်းမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာပေါင်း (၂၂) ရွာရှိရာ သင်သန်းသား၊ သင်တန်းသူ (၄၄)ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်စေပြီး သင်တန်းကာလမှာ ဇန်နဝါရီ(၁၉)ရက်မှ ဇန်နဝါရီ(၂၂)ရက်နေ့ထိ (၄) ရက်ကြာ သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

ခင်မာ(ပြန်/ဆက်)