ထီးချိုင့် မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့်မီးငြှိမ်းသတ် ယာဉ်များအားကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီ ၃၀ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရပါသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူးဦးသူရိန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးရဲနိုင်ဦးတို့က ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာန၏ ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် စံပြရပ်ကွက်ရှိ ရွှေအင်ကြင်းတောရဘုန်းကြီး ကျောင်းဝင်းအတွင်းရွှေ့ပြောင်းထားရှိသည့် မီးငြှိမ်းသတ်ယာဉ်များပျက်စီးဆုံးရှုံးမှုအခြေအနေ များကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)