ဟုမ္မလင်းမြို့ အ.ထ.က(၁)၌ ကျောင်းအပ်နှံ‌ရေးနေ့အခမ်းအနားကျင်းပ

ဟုမ္မလင်း မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.ထ.က(၁)ကျောင်းသား၊ကျောင်းသူလေးများမှ "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦရဲဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့၍၊ ဟုမ္မလင်းခရိုင်ပညာရေးမှူးဦးကြည်နွယ်မှ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦးမှ ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်လက်ခံနေမှူအခြေအနေတို့အား ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦရဲဝင်း၊ ခရိုင်ပညာရေးမှူးဦးကြည်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းဇော်တို့ကကျောင်းအပ်နှံရေးနေ့တွင်၊​ ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများမှ" ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးရဲဝင်း၊ ခရိုင်ပညာရေးမှူးဦးကြည်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းဇော်၊ မြို့နယ်ပညာရေးမှူးဦးဝင်းလွင်ဦး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ဆရာမများ၊ မြို့မိမြို့များနှင့်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)