ဘုတ်ပြင်း မေ ၃၀
အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်ခဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို မေလ ၂၈ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အမှတ်(၃၅၈)ခြေမြန်တပ်ရင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဘုတ်ပြင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ၊ စစ်သည်များနှင့်အိမ်ထောင်သည်ရဲမေများ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသည့် တပ်နယ်တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ/အကြပ်/စစ်သည် တပ်မတော်သားများအား တပ်နယ်မှူးနှင့်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အကြပ်၊ စစ်သည်များနှင့်မိသားစုဝင်များ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ ပန်းစည်းများ၊ ပန်းကုံးများ၊ အချိုရည်များ၊ အိုးစည်ဒိုးပတ်များဖြင့် ဝမ်းမြောက်စွာသောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြ ကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်