ရွှေတောင် ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ အင်ဂျင် နီယာချုပ် ဒေါက်တာထွန်းမြင့်အောင်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးပြည့်ဖြိုးမောင်၊ ညွှန်ကြားရေးမှူး ဦးရဲခေါင်ထွန်းနှင့် အဖွဲ့သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံတကာထောက်ပံ့မှု အကူ အညီ(တရုတ်) အစီအစဉ်ဖြင့် ဆောင်ရွက်ရန် လျာထားသော ဝါးတောသာ-ကျွဲသေ-ကြိုးကြာကန်-ကညမ်းလမ်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
ဆက်လက်ပြီး ပြည်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်မြသင်းဌေးမှ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်တို့မှ ဆောင်ရွက်ရန်လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)