ကျောင်းကုန်း မေ ၂၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားကို အ.ထ.က (၁) မှ ကျောင်းသား၊ ကျောင်းသူလေးများက"မြန်မာကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက "အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက" ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အ.ထ.က (၁) ကျောင်းသား၊ ကျောင်းသူလေးများက "ပန်းကလေးများ၏ ဥယျာဉ်မှူး" သီချင်းဖြင့်က ပြဖျော်ဖြေခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းဆင့်ကျောင်းဝတ်စုံများအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြသည်။ အ.ထ.က (၁) ကျောင်းသား/သူများက "ဇာတိမာန်" သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ပြီး၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)