ထန်းတပင်(ပဲခူး) မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြို့နယ်သီရိမင်္ဂလာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဦးစွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) အင်းကျော်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြား ပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က မြို့နယ်အတွင်းကျောင်းအပ်နှံမှုအခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့် ကလေးစောင့်ရေးအသင်းဝင်များ ကျောင်အုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ထန်းတပင်)သို့ သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)