ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိ

ဇလွန် မေ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးတို့အတွက် မိုးရာသီလူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ ယူကလစ်၊ မန်ဂျန်ရှားခရေ၊ ကံကော်၊ ရေတမာ၊ တပေဘူတစသည့် ပျိုးပင်ပေါင်း ( ၁၅၀၀၀ ) ကျော်ကို ပျိုးထောင်ထားရှိကြောင်း ဇလွန်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦး​မြင့်သူ၏ ပြောကြားချက်အရ သိရသည်။

ဇလွန်မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးဥယျာဥ်အတွင်း ကျွန်း( ၁၀၀၀ )၊ ပျဥ်းက တိုး( ၁၀၀၀)၊ မဟော်ဂနီ( ၁၅၀၀ )၊ယူက လစ်( ၁၅၀၀)၊ မန်ဂျန်ရှား( ၉၀၀၀)၊ ခရေ ( ၃၀၀)၊ ကံကော်( ၃၀၀ )၊ ရေတမာ( ၂၀ ၀ )၊ တပေဘူတ( ၂၀၀ ) စုစုပေါင်းပျိုးပင် ပေါင်း ( ၁၅၀၀၀)ကျော်ကို စိုက်ပျိုးပြုစု ပျိုးထောင်ထားရှိပြီး ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြုစုထိန်းသိမ်းသွားစေလိုကြောင်း ဇလွန်မြို့နယ်တာဝန်ခံ တောအုပ် ဦး​မြင့်သူ၏ ပြောကြားချက်အရ သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)