စလင်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ  

စလင်း မေ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ၂၀၂-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၂)နေ့လယ် () နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ကလေးများက မြန်မာ့ကျောင်းသီချင်းကိုသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်မှ အဖွင့်အမှားစကားပြောကြားခြင်း၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော် တက်ရောက်၍  အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်နိုင်က ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပရခြင်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး၊ ဦးဇော်နိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြကြောင်း သိရသည်။

ကျောင်းအပ်နှံရေး၊ အခမ်းအနားပြုလုပ်ရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး စဥ်ဆက်အပြတ်ပညာသင်ယူဖို့၊ ကျောင်းအပ်နှံကြစို့၊ ဆောင်ပုဒ်နှင့်အညီ၊  Kg တန်းမှ၊  Grade-12 အထိ အခမဲ့ကျောင်းအပ်လက်ခံပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ ကျောင်းသူကလေးငယ်များအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်  ဘောလ်ပင်၊  ခံတံများနှင့်၊  ကျောင်း
ဝတ်စုံများအား
တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဦးဇော်နိုင် ဒုပညာရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား၊ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူကလေးများက တို့ကျောင်းတော်သီချင်းကို သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)