စစ်ကိုင်းမြို့ရှိ ဟိုတယ်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း မေ ၂

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်များနှင့် တည်းခိုခန်းများအား ယမန်နေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများပူးပေါင်း၍ စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်ရှိ ​ရွှေပြည့်စုံဟိုတယ်နှင့် စိန်ကုန်းရပ်ကွက်ရှိ ရွှေအိမ်နန်းတည်းခိုခန်းတို့အား မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်စေရေး၊ ဝင်လမ်းထွက်လမ်းများ ကောင်းမွန်စေရေး၊ အရေးပေါ်ရေလုံလောက်စွာရရှိစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရေးတို့ကို အကြံပြုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)