ကျွန်းလှ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် အစေ့ထုတ်ပြောင်းနှင့် ပဲစင်းငုံသီးညှပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက အင်းကောင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၄) တောင်သူ ဦးတိုက်အောင်၏ ယာမြေ၌ ကျင်းပသည်။
ဦးစွာကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး၊ ကျွန်းလှမြို့နယ် ဦးစီးမှူးနှင့်တာဝန်ရှိသူများက သီးညှပ်စိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်ရေး လိုက်နာရမည့်အချက်များ၊ ဓာတ်မြေဩဇာလျော့ချသုံးစွဲရေး နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် တာဝန်ရှိသူတို့က အစေ့ထုတ်ပြောင်း၊ ပစင်းငုံမျိုးစေ့များပေးအပ်၍ လက်တွေ့စိုက်ပျိုးနေခြင်းကိုကြည့်ရှုပြီး မြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ