ရွှေတောင်မြို့နယ်၌ လူငယ်ကင်းထောက်သင်တန်း ကျောင်းသား၊ ကျောင်းသူများ ရွှေမျက်မှန်ဘုရားကြီးအား ဖူးမြော်ကြည်ညို

ရွှေတောင် မေ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း (အရှေ့+အနောက်) မှ ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယမန်နေ့နေ့လယ်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန်ဘုရား ကြီးအားဖူးမျော်ကြည်ညို၍ စခန်းချလေ့လာခဲ့ကြသည်။

အဆိုပါကင်းထောက်သင်တန်း ကျောင်းသား၊ ကျောင်းသူများ စခန်းချလေ့လာရေးခရီးစဥ်တွင် တိုင်း/ခရိုင်ပညာရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရွှေမျက်မှန်ဘုရားကြီးဂေါပကအဖွဲ့ဝင်များ လိုက်ပါ၍ ကြိုဆိုရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ဧည့်ခံကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း